လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မုရစ်ကြီးကျေးရွာ၊ ကရင်ဝင်းစိန်ကျေးရွာ၊ မုကွဲကျေးရွာ၊ စောကဲကျေးရွာ၊ ရွာလွတ်ကျေးရွာ၊ ညောင်လမ်းကျေးရွာ၊ ကွမ်ရိုက်ကျေးရွာ၊ တော်ကနာကျေးရွာ၊ ကဒါကျေးရွာ၊ ကမာမိုကျေးရွာ၊ ဒေါင်းဥကျေးရွာ၊ တောင်စွန်းကျေးရွာ၊ မုနိုင်းကျေးရွာ၊ ဒရယ်ကျေးရွာ၊ ကညှော်ကျေးရွာ၊ ဘိုးနက်ကျေးရွာ၊ သက္ကောကျေးရွာ၊ ချောင်းဆုံအရှေ့ရပ်ကွက်နှင့်ချောင်းဆုံအနောက်ရပ်ကွက်ရှိ နိုင်ငံရပ်ခြားမှပြန်လည်ရောက်ရှိလာသူများအား COVID-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသွားအလာကန့်သတ်ခြင်း(Quarantine)ထားရှိသည့်နေရာများသို့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_mar2020
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)