လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၈- ၃- ၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ နှစ်ခြင်းမူရင် IDP စခန်းတွင် အိမ်ထောင်စု (၁၁) အတွက် ဆပ်ပြာ အတောင့် (၁၁)တောင့်၊ ထွယ်ဆန်ကျောင်း IDP စခန်းတွင် အိမ်ထောင်စု (၄၀) အတွက် ဆပ်ပြာ အတောင့် (၄၀)တောင့်၊ လီဆူနှစ်ခြင်းဘော်ဒါ IDP စခန်းတွင် အိမ်ထောင်စု (၁၁၃) အတွက် ဆပ်ပြာ အတောင့် (၁၁၃) တောင့်၊ စုစုပေါင်း IDP စခန်း (၃) စခန်း၊ အိမ်ထောင်စု (၁၆၄) စုစာအတွက် ဆပ်ပြာအတောင့် (၁၆၄) တောင့်အားထောက်ပံ့ခြင်း၊ ၎င်း IDP စခန်းများအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speaker ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_mar2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)