လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် အေးရိပ်ငြိမ်ရပ်ကွက်အတွင်းတွင် Covid 19 နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များအား လော်စပီကာဖြင့် လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ထို့အတူ ကော့သောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များနှင့်အတူ ရွှေပြည်သာရပ်ကွက်နှင့် ရွှေပြည်စိုးကျေးရွာအုပ်စုနေပြည်သူများအား Covid 19 နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#tny_mar2020