လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ မြို့မစျေးနှင့် စျေးရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။