Covid 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု သတင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၃- ၂၀၂၀ ) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ ကာလိုင် ၁ – ရပ်ကွက် ၆ နှင့်ပန်ကူ camp များမှအိမ်ထောင်စု (၂၂၇ )စု၊ လူဦးရေ( ၁၃၁၉ )ဦးအား Covid 19 ရောဂါ ကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက်စာစောင်များ ဖြန့်ဝေ ခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် လက်ဆေးဆပ်ပြာများ ဝေငှခြင်း  တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_mar2020

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events