COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ယာဉ်အဝင်အထွက်စီးနင်းလိုက်ပါလာသော ခရီးသည်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ ဒေသအာဏာပိုင်များ၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_mar2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events