လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အမှတ် (၆) လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့ ၊ ( ၀၉ : ၀၀ ) နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း ဆီမီးခုံမြို့ရှိ ရပ်ကွက် (၄) ခုနှင့်ကျေးရွာ (၁၄) ရွာသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#mdy_mar2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)