လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်း၌ လင်းခေးမြို့နယ်၊ မြို့မဈေးတွင် ကူးစက်မြန်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ပန်ကြားခြင်းအား အသံချဲ့စက်ဖြင့် လည်းကောင်း၊ အသိပညာပေးပန်ကြားခြင်း လက်ကမ်းစာစောင်များကို အများပြည်သူများသို့ ဖြန့်ဝေ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)