လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ တာလေမြို့ပေါ်၌လည်းကောင်း၊ တာလေမြို့၊ ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် ရှမ်း၊ မြန်မာဘာသာစကားဖြင့် အသံချဲ့စက်ကိုအသုံးပြု၍ ပြည်သူသို့ လှည့်လည်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#shn_mar2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)