လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့် ပူးပေါင်း၍ (၂၈-၃-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့ပေါ်၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် ပြည်သူသို့ လှည့်လည်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#shn_mar2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)