လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၈-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန် အထိ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူလမ်းမကြီး၌ ပေါက်မြို့တွင်းသို့ အဝင်/အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါလာသော ခရီးသည်များအား COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။
#ar
#mgy_mar2020
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)