
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ၊ ပလနကက်သလစ်လူငယ်ဗဟိုကျောင်း IDPs စခန်းရှိအိမ်ထောင်စု(၄၀၂) စုအတွက် ဆပ်ပြာတောင့်(၄၀၂)တောင့်၊ ရွှေစက်နှစ်ခြင်း IDPs စခန်းရှိအိမ်ထောင်စု(၇၃) စုအတွက် ဆပ်ပြာတောင့်(၇၃) တောင့်၊ လယ်ကုန်းဇီးအုန် IDPs စခန်းရှိအိမ်ထောင်စု(၁၃၉) အတွက် ဆပ်ပြာတောင့် (၁၃၉) တောင့်၊ လယ်ကုန်းမလိယန် IDPs စခန်းရှိအိမ်ထောင်စု (၆၂) စုအတွက်ဆပ်ပြာတောင့်(၆၂) တောင့်ကိုလည်းကောင်း၊ မေတ္တာစိမ့်စမ်း မိဘမဲ့ဂေဟာနှင့် အောင်တော်မှု ပရဟိတကျောင်းတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။
#ar
#kcn_mar2020
ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)