Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြား ချက်များလှည့်လည်ဟောပြောမှုသတင်း

28_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်/ဆက် ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၇-၃-၂၀၂၀)ရက်နေ့ (၁၇:၀၀)မှ (၂၁:၀၀)အချိန်ထိ တမူးမြို့ပေါ် ရပ်ကွက်များဖြစ်သော စန္ဒကူးရပ်ကွက်၊ နန်းဖာလုံရပ်ကွက်၊ မြို့မရပ်ကွက်၊ ဈေးတန်းရပ်ကွက်နှင့်စော်ဘွားရပ်ကွက်များသို့ Covid-19ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar
#sgg_mar2020
Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events