COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုတင်ပြခြင်း

 

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၇-၃-၂၀၂၀)ရက်နေ့၌ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကြံလဟာအုပ်စု၊ ကြံလဟာကျေးရွာတွင် (၀၉း၃၀)နာရီအချိန်၌လည်းကောင်း၊ မယင်းကူးကျေးရွာအုပ်စု၊ မယင်းကူးကျေးရွာတွင် (၁၀း၃၀)နာရီအချိန်၌လည်းကောင်း၊ ကျုံတာကျေးရွာအုပ်စု၊ ကျုံတာကျေးရွာတွင် (၁၁း၁၅)နာရီအချိန်၌လည်းကောင်း၊ ငါးသိုင်းချောင်းမြို့တွင် (၁၂း၀၀)နာရီအချိန်၌ လည်းကောင်း၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ (၁၅း၀၀)နာရီအချိန်၌လည်းကောင်း၊ အသုတ်မြို့တွင် (၁၇း၀၀)နာရီအချိန်၌လည်းကောင်း လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တို့အား ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား  အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#ayy_mar2020

Source:                       ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events