
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စုရှိ လက်ပံခေါင်းကျေးရွာ၊ ပေါက်ပင်သာကျေးရွာ၊ တောအကျေးရွာ၊ ရေချိုကျေးရွာ၊ မင်းတဲကုန်းကျေးရွာ၊ ဉယျာဉ်သာကျေးရွာများအတွင်း COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား၊ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို မိတ္တီလာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှမ်းတဲမေတ္တာပရဟိတအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_mar2020
Source: မိတ္ထီလာခရိုင်ဉီးစီးမှူးရုံး(ဘစမ)