လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကချင်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်း၊ ဂျမိုင်ကောင်းနှစ်ခြင်း၊ ဂျာမိုင်ကောင်း RC ၊ တပ်ကုန်းအင်ဂျန်ဒုံ၊ မန်ခိန်နှစ်ခြင်း၊ စီတာပူဆွတ်ငိုင်တောင် စသည့် IDPs စခန်းများနှင့် ယင်းစခန်းများနှင့်ဆက်စပ်နေသောရပ်ကွက်များသို့လှည့်လည်၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)