
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၂၀) ရက်နေ့၊ (၀၁:၄၅) နာရီအချိန်တွင် ဖြစ်ပွားသော ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၊ အမှတ်(၄)ရပ်ကွက် မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၂) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-) ကျပ် တို့အား (၂၄-၃-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီတွင် ဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#sgg_mar2020