လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ် ကျေးရွာနှင့် ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတွင် သွပ်မိုး၊ ပျဥ်ထောင်အိမ် (၂) လုံးနှင့် သွပ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ ကျား(၁၂) ဦး၊ မ (၁၃) ဦး၊ စုစုပေါင်း (၂၅ ) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၄၀၀,၀၀၀) ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ ဆန်ရိက္ခာ (၇ ) ရက်စာ လူဦးရေ (၂၅) ဦးအတွက် (၅၂,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၅၂,၅၀၀) ကျပ်ကို (၂၃-၃-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_mar2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events