လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသောတိုက်ပွဲများ ကြောင့် (၃-၁၂-၂၀၁၉) ရက်နေ့မှ (၁၄-၂-၂၀၂၀) ရက်နေ့အထိ စေတုတ္တရာမြို့နယ်သို့ ပြောင်းရွှေ့လာကြသည့် အိမ်ထောင်စု(၉)စုမှ လူဦးရေ(၅၃)ဦးအတွက် ဆန်ရိက္ခာ(၁)လစာဖိုးထောက်ပံ့ငွေ (၄၇၇,၀၀၀/-)ကျပ်ကို (၂၁-၃-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် စေတုတ္တရာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#mgy_mar2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)