လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်ဆောင်ရွက်မှုသတင်း

 

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာ အုပ်စု၊‌‌ အင်း‌တေးအုပ်စုကျေးရွာ၌ မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ပျက် စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှု အားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့် တင့်သော ခိုင်ခံ့မှုရရရှိစေရန် နေအိမ်များ အားဖြည့်ပြုပြင်ပေးခြင်းတို့အား မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်အတူ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါ သည်။

#prep_sgw

#ayy_mar2020

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events