လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ဘေးသင့်အိမ်ခြေ(၆)လုံး၊
အိမ်ထောင်စု (၁၀) စု လူဦးရေ (၃၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၉,၃၀၀/-) ကျပ်တို့ကို (၁၉-၃-၂၀၂၀) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများအတွက် နွယ်နီကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_mar2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)