လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

17-Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် ကျိုက်လတ်မြို့နယ်မြို့နယ်၊ မိသလင်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည် မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက် ရန် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၇-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်း‌ကောက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ‌သည်။
#ayy_mar2020
Source: ဖျာပုံခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events