ကမ်းပြိုဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

16_ Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၌ (၁၃-၃-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၅)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,ဝဝဝ)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၂,၅၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၅၂,၅၀ဝ)ကျပ်အား (၁၆-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီမှူးရုံး (ဘစမ)

#ha_rbe
#ayy_mar2020

Sign Up

Upcoming Events