လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်လေပြင်း ဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဖျာပုံမြို့နယ်၊ ထယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ထယ်ပင်ဆိပ်ကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သောလေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိရန်အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးဆောင်ရွက်ရန် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့နှင့် ပူးပေါင်း၍ (၁၃-၃-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစာရင်းကောက်လျက်ရှိပါသည်။
Source: ဖျာပုံခရိုင်ဉီးစီးမှူးရုံး (ဘစမ)