လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ဖျာပုံမြို့နယ်၊ ကျုံသွတ်တညီကျေးရွာအုပ်စု၊ ကျုံသွတ်တညီကျေးရွာတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတတ်သော လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင် နိုင်သော နေအိမ်များအား သင့်တင့်သော ခိုင်ခံ့မှုရရရှိစေရန် လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေး ဆောင်ရွက်ရန် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ တို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစာရင်း ကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
#ayy_mar2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)