မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာ မြောက်ဘက်(၃)မိုင်၊ (၄)ဖာလုံခန့်အကွာ၌ (၁၂-၃-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သာ တောမီးမှတစ်ဆင့် မီးကူးလောင်ကျွမ်းခဲ့သည့် မီးဘေးကြောင့် ဝါးခြမ်းကာတဲ(၂)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၈)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာတို့ကို (၁၆-၃-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ ပြည်သူ့လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_mar2020

Source:           သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events