လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၂၀) ရက်နေ့တွင် သောက်သုံးရေရှားပါးပြတ်လပ်လျက်ရှိသော ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အိမ်ခြေ (၁၆၈)၊ အိမ်ထောင်စု (၁၇၀)၊ လူဦးရေစုစုပေါင်း (၈၂၂ဦး) လက်ဝယ်သို့ ရေသန့်ဗူးကြီး( ၁၆၀ ) ဗူး(၂၀လီတာပါ) အား ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
#tny_mar2020
source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)