လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၃-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာ၌ ကျေးရွာသူ/သား (၆၀) ဦးတို့ကို ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ထောက်ပံမှုနှုန်းထားများနှင့် သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_mar2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)