လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၇-၂-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးကျေးရွာအုပ်စု၊ အုန်းတောကျေးရွာ၊ ရေလာကျေးရွာအုပ်စု၊ ရေလာကြီးကျေးရွာ၌လည်းကောင်း၊ (၂၈-၂-၂၀၂၀) ရက်နေ့ (၀၇:၀၀) နာရီမှ (၁၅:၀၀)နာရီထိ မန်ကျည်းသုံးပင်ကျေးရွာအုပ်စု၊ မန်ကျည်းသုံးပင်ကျေးရွာ၊ ကမ္မမြို့၊အမှတ်(၉)နှင့်(၁၂)ရပ်ကွက်တို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့်နေအိမ်(၂၀၀)လုံးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကမ္မမြို့၊ တိုက်နယ်ဆရာဝန်၊ ကမ္ဘာမြေချစ်သူများအဖွဲ့ (cso)၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိ/ရပ်ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr_sgw
#mgy_feb 2020