လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဝန်းရှိ ဝန်ထမ်းအိမ်ရာ၌ (၂၀.၂.၂၀၂၀)ရက်နေ့ (၂၀:၂၀)အချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စုစာတို့အား ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၂.၂၀၂၀)ရက်နေ့ ( ၁၄:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#npw_feb2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)