မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

20_Pic_01 20_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၂၀)ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဖြစ်ပွါးခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော အိမ်ခြေ(၂)လုံး၊  အိမ်ထောင်စု(၂)စု၊ လူဦးရေ (၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)အိမ်ထောင်စာ တို့အား (၂၁-၂-၂၀၂၀)ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#ayy_feb 2020

 

Sign Up

Upcoming Events