
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၂-၂၀၂၀)ရက်နေ့၊ (၁ဝး၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားစိန့်ဂျိုးဇက်စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၂၃) စု၊ လူဦးရေ (၁၇၀၉) ဦးတို့အတွက် (၂၀,၃၉၈,၅၂၅/-) ကျပ်တန်ဖိုးရှိ စားနပ် ရိက္ခာ(၁)လစာ၊ ဆန် (၅၃၄) အိတ် (၁) ပြည် (၄) ဗူး၊ ဆီ (၆၄၆) ပိဿာ၊ ပဲ (၆၄၆) ပိဿာ၊ ဆား (၃၂၃) ပိဿာအား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#kcn_feb2020