မီးဘေးသင့်ပြည်သူအတွက်သွားရောက်ထောက်ပံ့မှုသတင်း

21_pic_01
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၂၀)ရက်နေ့၌ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကရင်ကုန်းကျေးရွာအုပ်စု၊ ကရင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး (၁)ပုံးတို့အား (၂၁-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#bgo_feb2020

Sign Up

Upcoming Events