လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မည့် နေအိမ်(၂၀၀)လုံးအနက် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကွမ်းဇဲကျေးရွာ၌ ပြင်ဆင်ရန်လိုအပ်သည့် နေအိမ်(၅၀)လုံးအား (၂၀-၂-၂၀၂၀) ရက်နေ့ (၁၄:၄၅)နာရီမှ (၁၅:၄၅) နာရီအထိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#mgy_feb2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)