
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၂၀) ရက်နေ့၊ ညနေ (၁၆:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်အထိ မြောင်းမြမြို့နယ်၊ ပညာရေးကောလိပ်တွင် ကျောင်းသား/ ကျောင်းသူ (၄၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_feb2020