မီးဘေးသင့်ပြည်သူအတွက်သွားရောက်ထောက်ပံ့မှုသတင်း

21_Pic_02
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်အေးရွာ အနောက် ရပ်ကွက်၊ ရန်အောင်အပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးတားကြိုတင်ဖျက်သိမ်း(၃)လုံး၊ မိသားစု(၆) စုမှ လူဦးရေ (၄၁) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ် ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၃၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၄၁) ဦးအတွက်် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၆,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၈၆,၁၀ဝ/-)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၂-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_feb2020

Sign Up

Upcoming Events