
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop S့့့့hop) ဖြင့်ပူးပေါင်း၍ (၂၀-၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီမှ (၁၁:၃၀)အထိ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာနှင့် မွန်းလွဲ (၁၃:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ပသင်ကျေးရွာအုပ်စု၊ ပသင်ကျေးရွာတို့ရှိ ကျေးရွာနေပြည်သူလူထုများအား ဝန်ကြီးဌာန၏ မူဝါဒများ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများ၊ ၎င်းဒေသတွင်ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် စပ်လျဉ်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လယ်ကြီးကျေးရွာတွင် တက်ရောက်သူဦးရေ(၁၀၀)ဦးခန့်နှင့် ပသင်ကျေးရွာတွင် (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb2020
Source: မိုးမိတ်မြို့နယ်ဦးစီမှူးရုံးမှ (ဘစမ)