
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် (၆) ခန်းတွဲမှ အိမ်ခန်း(၂)ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၅)စုမှ လူဦးရေ (၁၆)ဦး၊ မီးလောင်ဒဏ်ရာရရှိသူ(၂) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ် ၊လူဦးရေ (၁၆) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃,၆၀ဝ/-)ကျပ်၊ ဒဏ်ရာရရှိသူ(၂)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၃,၆၀ဝ/-)ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများနှင့်အတူ (၂၀-၂-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_feb2020