လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၉-၂-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ ဖါးရံလုံကျေးရွာနေတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်အား (၁၉ -၂-၂၀၂၀)ရက်နေ့ နံနက်(၁၅း၀၀)တွင် ဘေးသင့်ပြည် သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#shn_feb 2020