လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ (၂၀) ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်း မ၌ ကျင်းပသော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေး အပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၁၈/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း စုစုပေါင်း (၁၂၉၇) ဖွဲ့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်ကစပြီး ထောက်ပံ့ကြေးငွေများကို (၃.၁၃)ဆ တိုးမြှင့်၍ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၇၁၆၆) သိန်းအား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၄) မှ (၁၇/၂၀၁၄) ထိအား ကျေးရွာစုစုပေါင်း (၅၀၀) ကျော်မှ လူငယ်မောင်မယ်စုစုပေါင်း (၁၈၀၀) ခန့်ကို နည်းပြသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ကျန်ရှိသည့်တိုင်းဒေသကြီးနှင် ပြည်နယ်များမှာ လည်း နည်းပြသင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များ အတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြုပ်နှံမှုဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြော ကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် အဖွဲ့ဝန်ကြီးချုပ်ဦးစစ်အောင်မြတ်က လူမှုဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးကြည်က လူမှု စောင့် ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေးစေတ နာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းရှင်းလင်း ပြောကြားကြသည်။ ထို့နောက် ပြည်ထောင် စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလ တန်းကြိုကျောင်းများ၊ ရပ်စောက်မြို့နယ်ရှိ သုခကာရီဘိုးဘွားရိပ်သာအတွက် စုစုပေါင်းကျပ်သိန်း ပေါင်း (၁၄၇၁) ဒသမ (၆၈) သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဦးအောင်ဇော်မြင့်- ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မိသားစုမှ ညောင်ရွှေမြို့နယ် မိုးသောက်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ကျပ်တစ်သိန်း ထပ်မံလှူဒါန်းသည်။ ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့သင်တန်းခန်းမသို့ ရောက်ရှိပြီးကျေးရွာ (၁၄) ရွာမှ သဘာဝဘေးလျေားပါးရေးစေတနာ့ဝန်ထမ်း လူငယ် (၆၀)ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုနှင့် ရပ်ကွက် (၁၄) ခု၊ ကျေးရွာ (၆) ရွာမှ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ် (၆၀) ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုတို့အား ကြည့်ရှူ၍ လူငယ်မောင်မယ်များကို အားပေးစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။