လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သောက်သုံးရေ လိုအပ်သော မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာအရှေ့တောင်ပိုင်း၊ ဦးလှထွန်းတဲတိုက် တို့ရှိ အိမ်ခြေ(၁၁၉)လုံး၊ အိမ်ထောင်စု (၁၂၇) စု၊ လူဦးရေ (၅၅၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၄ – ၂-၂၀၂၀) ရက်နေ့ ( ၉ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mgy_feb 2020