သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီမှ (၁၄း၃၀)နာရီအထိ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လက်ဝဲကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ ကျေးရွာနေပြည်သူလူထု(၃၇)ဦး၊ စုစုပေါင်း(၅၄)ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခဲတံများအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_feb 2020

 

Sign Up

Upcoming Events