မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၉) ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် (၁၁-၂-၂၀၂၀) ရက်နေ့ (၀၉:၂၅) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ မိသားစု (၁)စု မှလူဦးရေ (၈)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၂၀၀,၀၀ဝ/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၆,၈၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) အိမ်ထောင်စု စာတို့အား (၁၃-၂-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ygn_feb2020

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events