လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၂၀)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ အမှတ်(၄)၊ ဘောဂဗလရပ်ကွက်၊နှစ်ခြင်း (IDP)စစ်ရှောင်စခန်း၌ လူဦးရေ(၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည် ငလျင်ဘေး၊ မီးဘေး၊ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kcn_feb 2020