
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီတွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူ အ.ထ.က၌ ကျောင်းသား/သူနှင့် ဆရာအင်အား (၄၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောကာ ဗီဒီယိုပြသပြီး လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny _feb2020