မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာအုပ်စု၊ မကြီးစုကျေးရွာတွင် (၉-၂-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၂)စု၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ အိမ်ထောင်စု(၃)စုတို့အား (၁၀-၂-၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောင်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_feb 2020

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events