လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ သလုံသွေးအုပ်စု၊ ပြကျေးရွာတွင် (၁၀-၂-၂၀၂၀) ရက်နေ့ (၀၂:၃၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၁) စု မှ လူဦးရေ (၃) ဦး မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်နေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀ဝ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၃၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၁၀-၂-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွား ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_feb2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)