လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကွက်သစ်နှင့် ကြူချောင်းရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၃) လုံး၊ အိမ်ထောင် စု (၁၃၁) စု၊ လူဦးရေ (၆၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၄- ၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#mgy_feb2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)