
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၃၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ အ-လ-က(မအူလေးပင်) စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင် ရမည်ကို ကျောင်းသား/ သူ (၁၇၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များ ဖြန့်ဝေ ပေးခဲ့ပါကြောင်းသိရှိရပါသည်။
#ar
#npw_feb2020
Source: နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)