
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အသုတ်မြို့ အုပ်ချပ်ရေးမှူးနှင့်အတူ (၃-၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ (အ.ထ.က) အသုတ်တွင် ဆရာ/ ဆရာမ၊ ကျောင်းသူ/ ကျောင်းသား (၄၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်း၊ ဗွီနိုင်းပိုစတာ များပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရ ပါသည်။
#ar
#ayy_feb2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)